Loading...
  • ◾️လူ့အခွင့်အရေးနှင့်မကိုက်ညီသည့် ဥပဒေများပြင်ဆင်ပယ်ဖျက်ရေး လူ့အခွင့်အရေးနေ့တွင် တောင်းဆို
    ပြည်တွင်း 2017-12-11
    ◾️လူ့အခွင့်အရေးနှင့်မကိုက်ညီသည့် ဥပဒေများပြင်ဆင်ပယ်ဖျက်ရေး လူ့အခွင့်အရေးနေ့တွင် တောင်းဆို ရန်ကုန်၊ ဒီဇင်ဘာ-၁၀
  • ◾️ အမေရိကန်နိုင်ငံအား တုံ့ပြန်အရေးယူပိတ်ဆို့ရန် အာရပ်နိုင်ငံများအား လက်ဘနွန်တိုက်တွန်း
    ကမ္ဘာ့သတင်း 2017-12-11
    ◾️ အမေရိကန်နိုင်ငံအား တုံ့ပြန်အရေးယူပိတ်ဆို့ရန် အာရပ်နိုင်ငံများအား လက်ဘနွန်တိုက်တွန်း ကိုင်ရို၊ ဒီဇင်ဘာ-၁၀
  • ◾️ ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲဖျက်သိမ်းပေးရန် အတိုက်အခံများ တောင်းဆိုထား
    ကမ္ဘာ့သတင်း 2017-12-11
    ◾️ ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲဖျက်သိမ်းပေးရန် အတိုက်အခံများ တောင်းဆိုထား တေဂူစီဂယ်ပါ၊ ဒီဇင်ဘာ-၁၀
  • ◾️ ရှစ်ပွဲဆက် နိုင်ပွဲပျောက်၍ ပီတာဘော့ဇ် ထုတ်ပယ်ခံရမည်
    အားကစား 2017-12-11
    ◾️ ရှစ်ပွဲဆက် နိုင်ပွဲပျောက်၍ ပီတာဘော့ဇ် ထုတ်ပယ်ခံရမည် ဒီဇင်ဘာ ၉ ရက်တွင် ကစားခဲ့သော ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဒေါ့မွန် အသင်းသည် အိမ်ကွင်းတွင် ၀ါဒါဘရီမင်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ နောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးကာ ဘွန်ဒက်စ်လီဂါအမှတ်ပေး ဇယားတွင် နောက်ဆုံးအဆင့် (၇)နေရာ ရောက်သွားခြင်းကြောင့် နည်းပြ ပီတာဘော့ဇ်ကို ရာထူးမှ ထုတ်ပယ်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ ပီတာဘော့ဇ်သည် မနှစ်က ဘောလုံးရာသီတွင် အေဂျက် အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေး နိုင်ခဲ့၍ ဒေါ့မွန်အသင်းက ပြီးခဲ့သည့် နွေရာသီကာလတွင် နည်းပြသောမတ်စ်တူချယ်နေရာ၌ အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ် သော်လည်း ယခုလို ရလဒ်ဆိုးများ ကြုံတွေ့ နေရခြင်းကြောင့် ဒေါ့မွန်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ၀က်ဇ်ကီနှင့် မိုက်ကယ်ဇော့တို့ တွေ့ဆုံတိုင်ပင်ပြီး နည်းပြကို ထုတ်ပယ်ရန် ဆုံးဖြတ် ခဲ့ကြကြောင်း သိရသည်။
  • ◾️ အသင်းစိတ်ဓာတ်ကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ၀က်စ်ဟမ်းနည်းပြ မိုယက်စ်ဆို
    အားကစား 2017-12-11
    ◾️ အသင်းစိတ်ဓာတ်ကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ၀က်စ်ဟမ်းနည်းပြ မိုယက်စ်ဆို တိုက်စစ်မှူးအာနူတိုဗစ်၏ ပွဲအစ ၆ မိနစ်သွင်းဂိုးဖြင့် လက်ရှိချန်ပီယံ ချယ်လ်ဆီးကို အနိုင်ရရှိခဲ့ခြင်းမှာ မိမိအသင်း၏ စိတ်ဓာတ်ကြောင့် ဖြစ်သည်ဟု ၀က်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောဆိုခဲ့သည်။ ၀က်စ်ဟမ်းအသင်းသည် ရလဒ်ဆိုးများကြောင့် ပြီးခဲ့သည့် လက နည်းပြ ဘီလစ်ကို ထုတ်ပယ်ခဲ့ပြီး မိုယက်စ်ကို အစားထိုးခန့်အပ်ခဲ့ရာတွင် ၀က်စ်ဟမ်းမှာ နောက်ဆုံးခုနစ်ပွဲ တွင် ပထမဆုံးနိုင်ပွဲ ရရှိ နိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က မန်စီးတီးနှင့်ပွဲ၌ နောက်ကျဂိုးကြောင့် ရှုံးခဲ့ရပြီး ယခုမှ ၀က်စ်ဟမ်းနည်းပြအနေဖြင့် ပထမဆုံး ပွဲမှာ မိုယက်စ်က 'ကြီးမြတ်တဲ့ရလဒ်ဖြစ်ပါတယ်။ ကျွန်တော်တို့က ရလဒ်ကောင်းတွေကို အသည်းအသန်ရှာဖွေနေခဲ့ရပြီး မန်စီးတီးနဲ့ပွဲမှာတုန်းက ပွဲချိန်အကြာကြီး ထိန်းချုပ်ကစားနိုင် ပြီးမှ ရှုံးခဲ့ရတယ်။ အခုတော့ လိုချင်တဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပါပြီ။ အဓိကကတော့ အတူတကွ ပေါင်းစုကြိုးစားကြတဲ့ အသင်းစိတ်ဓာတ်ကြောင့် ဖြစ်ပါတယ်' ဟု ပြောဆိုခဲ့သည်။
  • ◾️ ဆော်ဒီအာရေဗျနိုင်ငံက နန်းတွင်းအာဏာသိမ်းပွဲ
    ဆောင်းပါး 2017-12-11
    ◾️ ဆော်ဒီအာရေဗျနိုင်ငံက နန်းတွင်းအာဏာသိမ်းပွဲ အာဏာသိမ်းတယ်ဆိုတာ လူထုဆန္ဒမပါ၍ မကောင်းပါ။ အဓိပ္ပာယ်မရှိပါ။ ဒီမိုကရေစီမကျပါ။ အရာရာသည် လူထုဆန္ဒ၊ လူထုသဘောထားနှင့် ကင်းလျှင် သဘာဝနှင့်ကင်းပြီပဲ။ သို့သော် ဘုရင်အုပ်ချုပ်ရေးမှ လူထုအုပ်ချုပ်ရေးပြောင်းဖို့ဆိုလျှင်ဖြင့် သင့်မြတ်နိုင်ပါတယ်။