Loading...

"နုတ်ထွက်စကားမပါစေရန် သမ္မတမူဂါဘီ မိန့်ခွန်းကျော်ဖတ် သမ္မတစွပ်စွဲပြစ်တင်ရေးလုပ်ငန်း ဇင်ဘာဘွေ၌ စတင်မည်"

2017-11-21

"နုတ်ထွက်စကားမပါစေရန် သမ္မတမူဂါဘီ မိန့်ခွန်းကျော်ဖတ်
သမ္မတစွပ်စွဲပြစ်တင်ရေးလုပ်ငန်း ဇင်ဘာဘွေ၌ စတင်မည်"

ဟာရာရီ၊ နိုဝင်ဘာ-၂၀

ဇင်ဘာဘွေတပ်မတော်က အာဏာသိမ်းပြီးနောက် အကျယ်
ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ဇင်ဘာဘွေသမ္မတ ရော
ဘတ်မူဂါဘီသည် နိုဝင်ဘာ ၁၉ ရက်ညက တိုင်းပြည်သို့
မိန့်ခွန်းပြောကြားရာတွင် ရာထူးမှနုတ်ထွက်ရမည့်အရေးကို
ရှောင်ရှားရန် မိန့်ခွန်းပါစကားရပ်များကို အခြားစကားရပ်များ
ဖြင့် အစားထိုး ပြောခဲ့ကြောင်း ဇင်ဘာဘွေ စစ်မှုထမ်းဟောင်း
များအသင်းက ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက် မိန့်ခွန်းတွင် အသက် (၉၃)နှစ်အရွယ်
သမ္မတမူဂါဘီသည် ဇင်ဘာဘွေ ပြည်သူများ၊ လက်ရှိ
အာဏာရ ဇာနူး-ပီအက်ဖ် ပါတီတာဝန်ရှိသူများနှင့် ဇင်ဘာ
ဘွေဗိုလ်ချုပ်ကြီးများ ကြားလိုသည့် ရာထူးမှနုတ်ထွက်ပေး
မည်ဟူသော စကားတစ်လုံးတစ်ပါဒမျှ ထည့်သွင်းပြောကြား
ခြင်းမရှိခဲ့ရာ ဇင်ဘာဘွေပြည်သူများ စိတ်အနှောင့်အယှက်
ဖြစ်ခဲ့ရသည်။

ယင်းအပြင် ဒီဇင်ဘာလအတွင်းကျင်းပမည့် လက်ရှိအာဏာ
ရ ဇာနူး-ပီအက်ဖ်ပါတီညီလာခံကို ၎င်းကိုယ်တိုင်ကြီးကြပ်မည်
ဟူပင် ပြောကြားခဲ့ရာ မိန့်ခွန်းပြောစဉ် နံဘေးမှ ၀န်းရံနေ
သည့် ဇင်ဘာဘွေဗိုလ်ချုပ်ကြီးများ အကျပ်ရိုက်ခဲ့ရသည်။

နိုဝင်ဘာ ၁၉ ရက် မိန့်ခွန်းတွင် ရာထူးမှ နုတ်ထွက်ပေးမည်
ဟူသော စကားတစ်ခွန်းမျှ မပါခြင်းကြောင့် သမ္မတမူဂါဘီ
ဖတ်ကြားခဲ့သည့် မိန့်ခွန်းမှာ မိန့်ခွန်းမှားဖြစ်နိုင်သည်ဟူ၍
လည်းကောင်း၊ ရာထူးမှမဆင်းရရေးအတွက် ရာထူးနုတ်
ထွက်ပေးမှုဆိုင်ရာစကားရပ်များကို ကျော်ဖတ်ခဲ့ သည်ဟူ၍
လည်းကောင်း ဇင်ဘာဘွေပြည်သူများအကြား ထင်ကြေး
များ ပေါ်ထွက်ခဲ့ရသည်။

မိန့်ခွန်းပြောအပြီးတွင် သမ္မတရောဘတ်မူဂါဘီက ယင်းမိန့်
ခွန်းနှင့်ပတ်သက်၍ ဇင်ဘာဘွေဗိုလ်ချုပ်ကြီးများကို စကား
တစ်ခွန်းပြောကြားခဲ့ရာ ယင်းစကားမှာ မသဲကွဲလှသော်
လည်း အချို့သော ဇင်ဘာဘွေပြည်သူများက မိန့်ခွန်းရှည်
(Long Speech) အဖြစ် ထင်ကြေးပေးထားပြီး အချို့ပြည်သူ
များက မိန့်ခွန်းမှား (Wrong Speech)အဖြစ် ထင်ကြေပေး
ထားကြသည်။

မည်သို့ဖြစ်စေ သမ္မတရာထူး စွန့်လွှတ်ရန် ဇာနူး-ပီအက်ဖ်
ပါတီက ပေးထားသည့် ၂၄ နာရီ သတ်မှတ်ကာလကျော်လွန်
ချိန်အထိတိုင် သမ္မတ မူဂါဘီက ရာထူးမှနုတ်ထွက်ရန် ငြင်း
ဆန်နေဆဲ ဖြစ်သည်။ ဇင်ဘာဘွေလွှတ်တော်က ဒီဇင်ဘာ
၂၁ ရက်တွင် သမတ္တ စွတ်စွဲပြစ်တင်ရေးလုပ်ငန်းစဉ် စတင်
တော့မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် မူဂါဘီနှင့် နီးစပ်သည့်သတင်းရင်းမြစ်များ၏
အဆိုအရ သမ္မတမူဂါဘီသည် ရာထူးနုတ်ထွက်မှုဆိုင်ရာ
သဘောတူညီချက်များ ကို လက်ခံသဘောတူထားပြီး
ရာထူးနုတ်ထွက်စာ မူကြမ်းကိုပင် ရေးသားထားပြီးဖြစ်
ကြောင်း စီအင်န်အင်န်သတင်းဌာနက ရေးသားတင်ပြထား
သည်။

ရာထူးမှ နုတ်ထွက်ပေးရေးအတွက် သမ္မတမူဂါဘီက
တောင်းဆိုထားသော ၎င်းနှင့်ဇနီးတို့ကို တရားစွဲဆိုမှုတို့မှ
ကင်းလွတ်ခွင့်ပြုရေး၊ ကိုယ်ပိုင် ဓနဥစ္စာများကို ဇင်ဘာဘွေ
နိုင်ငံတွင်း၌သာ ထားရှိခွင့်ပြုရေးအပါအ၀င် တောင်းဆိုချက်
အတော်များများကို ဇင်ဘာဘွေတပ်မတော်က လက်ခံထား
ကြောင်း သိရသည်။