Loading...

ကူတင်ဟိုကို ခေါ်ယူရန် ကြိုးပမ်းမှု ဆက်လုပ်သင့်၊ မသင့် ဘာစီလိုနာ ဆုံးဖြတ်မည် ကူတင်ဟိုကို ခေါ်ယူမှုမပြုတော့လျှင် ဇန်န၀ါရီလမှာပင် အိုဇေ

2017-11-21

ကူတင်ဟိုကို ခေါ်ယူရန် ကြိုးပမ်းမှု ဆက်လုပ်သင့်၊ မသင့် ဘာစီလိုနာ ဆုံးဖြတ်မည်
ကူတင်ဟိုကို ခေါ်ယူမှုမပြုတော့လျှင် ဇန်န၀ါရီလမှာပင် အိုဇေးကို ခေါ်ယူဖွယ်ရှိ

ဘာစီလိုနာအသင်းသည် အဓိကတိုက်စစ်ကစားသမားနေမာ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့သွားခြင်းအတွက် စိတ်ကျေနပ် ဖွယ်ရာ အစားထိုးနိုင်ခြင်း မရှိသေးရာ လီဗာပူးအသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ကူတင်ဟိုကို ပေါင်သန်း ၁၀၀ ကျော်ပေးပြီး အကြိမ်ကြိမ်ကမ်းလှမ်း ခဲ့သော်လည်း ငြင်းပယ်ခံရခြင်းကြောင့် အသင်းဘုတ်အဖွဲ့သည် ကူတင်ဟိုအား ဆက်လက်ခေါ်သင့်၊ မခေါ်သင့် မကြာမီ ဆုံးဖြတ်တော့ မည်ဟု သိရသည်။

၂၀၁၇ နှစ်ကုန်သည်နှင့် ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ရာ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်၌ ခေါ်ယူရန် ကြိုးပမ်းခဲ့သော ကူတင်ဟိုကို ထပ်မံခေါ်ယူလိုသော်လည်း လီဗာပူးအသင်းဘက်မှ လက်လွှတ်ဖွယ်မရှိရာ ဘာစီလိုနာအသင်း နည်းစနစ်အတွင်းရေးမှူး ရောဘတ်ဖာနန်ဒက်ဇ်သည် ဘုတ်အဖွဲ့နှင့် တိုင်ပင်ပြီး ကူတင်ဟိုကို ခေါ်ယူရန် ဆက်လက်ကြိုးစားရန် သင့်၊ မသင့် ဆုံးဖြတ်တော့မည်ဖြစ်သည်။

ကူတင်ဟိုကို ထပ်မံမကြိုးစားရန် ဆုံးဖြတ်ခဲ့ပါက အစဉ်အလာပြိုင်ဘက် ရီးရဲလ်အသင်း ကစားသမားဟောင်းအိုဇေးကို ဇန်န၀ါရီဈေးကွက်မှာပင် အရခေါ်ယူဖွယ်ရှိနေသည်။ အိုဇေးသည် ယခုရာသီတွင် အာဆင်နယ်နှင့် စာချုပ်ကုန်မည်ဖြစ်ပြီး စပါးကို အနိုင်ရသောပွဲစဉ်၌ ခြေစွမ်းပြကစားသွား နိုင်ခြင်းကို ဘာစီလိုနာအခြေစိုက် ကက်တလန်ဒေသ သတင်းမီဒီယာ များက ချီးကျူးဖော်ပြခဲ့ကြသည်။ ဘာစီလိုနာအသင်းသည် ၂၀၁၀ ပြည့်နှစ်က အိုဇေးကို ယူရိုရှစ်သန်းဖြင့် ခေါ်ယူရန် နီးစပ်ခဲ့ပြီး အသင်း၌ ကွင်းလယ် လူဇာဗီ၊ အင်နီယေစတာတို့ အကောင်းဆုံး ကစားခဲ့ သောကြောင့် ခေါ်ယူခြင်း မပြုခဲ့သည့် အတွက် မော်ရင်ဟိုက ရီးရဲလ် အသင်းထံ အိုဇေးကို အရခေါ်သွားခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိတွင်လည်း မော်ရင်ဟိုသည် ယခုနှစ်ဘောလုံးရာသီအကုန်တွင် အိုဇေးကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် မန်ယူအသင်းသို့ ခေါ်ယူရန် အလိုရှိနေသည်။