Loading...

"သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာသစ်သားပန်းပုပြိုင်ပွဲအ တွက် ပြိုင်ပွဲဝင်လျှောက်လွှာများ ထုတ်ယူနိုင်"

2017-11-21

"သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာသစ်သားပန်းပုပြိုင်ပွဲအ
တွက် ပြိုင်ပွဲဝင်လျှောက်လွှာများ ထုတ်ယူနိုင်"

ရန်ကုန်၊ နိုဝင်ဘာ-၂၀

ဗဟိုသမဝါယမအသင်းနှင့် ကောင်းမြန်မာအောင် ကုမ္ပဏီလီ
မိတက်တို့ ပူးပေါင်းစီစဉ်ကျင်းပမည့် သတ္တမအကြိမ်မြောက်
မြန်မာ့ရိုးရာသစ်သားပန်းပုပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင်
လျှောက်လွှာများကို စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပန်းပု
ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦး
ကြည်ဝင်း (တူဒေး)က နိုဝင်ဘာ၂၀ရက်တွင် စံတော်ချိန်သို့
ပြောသည်။

အဆိုပါ သစ်သားပန်းပုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပန်းပုပစ္စည်း
များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် နောက်ဆုံးလက်
ခံမည်ဖြစ်ရာ ပြိုင်ပွဲဝင်လျှောက်လွှာများကို ရန်ကုန်မြို့ ဆရာ
စံပလာဇာရှိ ဗဟိုသမ၀ါယမအသင်းနှင့် မြန်မာနိုင်ငံပန်းချီပန်း
ပုအစည်းအရုံး(ဗဟို)တို့တွင် ဆက်သွယ်ထုတ်ယူနိုင်ပြီဖြစ်
ကြောင်း သိရသည်။

"အခုပြိုင်ပွဲက ခုနစ်ကြိမ်မြောက်ပြိုင်ပွဲပါ။ အရင်နှစ်တွေတုန်း
ကတော့ ပန်းပုပြိုင်ပွဲက ရန်ကုန်နဲ့ အနီးတစ်ဝိုက်က မြို့နယ်
ရှစ်မြို့နယ်လောက်မှာရှိတဲ့ ပညာရှင်တွေပဲဝင်ပြိုင်ကြတာ။
ဒီနှစ်မှာတော့ တစ်နိုင်ငံလုံးက ပညာရှင်တွေပါဝင်လာဖို့ ပန်း
ချီ၊ ပန်းပုအစည်းအရုံးနဲ့ပေါင်းပြီး မန္တလေး၊ ပုဂံ၊ မုံရွာ၊ တောင်
ကြီးတို့က ပန်းပုပညာရှင်တွေကိုပါ ဖိတ်ခေါ်ထားတယ်"ဟု
ဦးကြည်ဝင်း(တူဒေး) က ပြောဆိုသည်။

ပြိုင်ပွဲဝင်လျှောက်လွှာလာရောက်ထုတ်ယူမည့် ပန်းပုပညာ
ရှင်တစ်ဦးလျှင် စရိတ်အဖြစ် ငွေကျပ်ခြောက်သောင်း ချီးမြှင့်
သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် စိတ်ကြိုက်နှင့်မော်ဒန်
ပန်းပုလက်ရာများကို လက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲအား
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်
ဝန်းရှိ ပန်းပုပညာရှင်များကို ဖိတ်ေ၏ ခ်ါထားကြောင်း
သိရသည်။

သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာသစ်သားပန်းပုပြိုင်ပွဲ
ကြီးအတွက် ဆုချီးမြှင့်ပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ
ကုန်တွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲအတွက် ဆုကြေးငွေများ
ကို ယခုနှစ်တွင် တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ပထမဆု
ကျပ် ၇၅ သိန်း၊ ဒုတိယဆု ကျပ်သိန်း ၅၀ နှင့် တတိယဆု
ကျပ်သိန်း ၃၀ ချီးမြှင့်မည်ဖြစ်ကာ ရွှေတံဆိပ်ဆုများနှင့်
အထူးဆု ငွေကျပ် ၁၀ သိန်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

မင်းမင်းထွန်း

Other news