Loading...

"AC/DC ရော့ခ်ဂီတအဖွဲ့ရဲ့ ဩစတြေးလျ ဂီတာပညာရှင်မယ်လ်ကွန်ယန်း ကွယ်လွန်"

2017-11-21

"AC/DC ရော့ခ်ဂီတအဖွဲ့ရဲ့ ဩစတြေးလျ
ဂီတာပညာရှင်မယ်လ်ကွန်ယန်း ကွယ်လွန်"

AC/DC ရော့ခ်ဂီတအဖွဲ့ကို တွဲဖက်တည်ထောင်ခဲ့တဲ့
ဩစတြေးလျဂီတာပညာရှင် အသက် (၆၄)နှစ်အရွယ်
မယ်လ်ကွန်ယန်းဟာ နှစ်ပေါင်းများစွာ စိတ်မနှံ့တဲ့ရောဂါ
ခံစားခဲ့ရပြီး နိုဝင်ဘာ ၁၈ ရက်က ကွန်လွန်သွားခဲ့ပါတယ်။

AC/DC အဖွဲ့မှာပါဝင်တဲ့ Young ညီအစ်ကိုသုံးဦးထဲက
ထုတ်လုပ်သူ အသက်(၇၀)အရွယ် ဂျော့ယန်းကတော့
ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ကွယ်လွန်ခဲ့တာပါ။

အခုဆို AC/DC ရဲ့ Lead Guitarist ဖြစ်တဲ့ အန်းဂတ်စ်ယန်း
တစ်ဦးသာ ကျန်ပါတော့တယ်။ ရော့ခ်တေးဂီတမှာ အ
အောင်မြင်ဆုံးဖြစ်ခဲ့တဲ့ AC/DC တေးဂီတအဖွဲ့မှာ Bass
တီးတဲ့ ကလစ်ဖ်ဝီလီယံကလည်း အနားယူသွားပါပြီ။

၁၉၇၃ ခုနှစ်မှာ စတင်ထူထောင်ပြီး ၁၉၇၅ ခုနှစ် High
Voltage သီချင်းခွေကနေ ၂၀၁၄ ခုနှစ်မှာထွက်တဲ့
Rock or Burst အယ်လ်ဘမ်အထိ သီချင်းတွေကို
မယ်လ်ကွန်နဲ့ အန်းဂတ်စ်ယန်းတို့ နှစ်ဦးက ရေးသား
ခဲ့တာဖြစ်ပါတယ်။

အထင်ရှားဆုံးသီချင်းတွေကတော့ Blackin Back,
Highway to Hell နဲ့ You Shook Me All Night
Long တို့ ဖြစ်ပါတယ်။

သီချင်းဓာတ်ပြားပေါင်းသန်း ၂၀၀ ကျော် ရောင်းချခဲ့ပြီး
၇၁ ဒသမ ၅ သန်းကိုတော့ အမေရိကန်နိုင်ငံမှာ ရောင်းချ
ခဲ့ရတာ ဖြစ်တယ်လို့ BBC က ထုတ်ပြန်ထားပါတယ်။