Loading...

"ဆရာဝန်ပြောကြား ကျန်းမာရေးစကား" ပါမောက္ခဒေါက်တာစောဝင်း "ကလေးအထူးကု ဆရာဝန်ကြီး၊ အမျိုးသားအဆင့်ကာကွယ်ဆေး ဆိုင်ရာ နည်းပညာအကြံပေးကော

2017-11-21

"ဆရာဝန်ပြောကြား ကျန်းမာရေးစကား"

ပါမောက္ခဒေါက်တာစောဝင်း "ကလေးအထူးကု
ဆရာဝန်ကြီး၊ အမျိုးသားအဆင့်ကာကွယ်ဆေး
ဆိုင်ရာ နည်းပညာအကြံပေးကော်မတီ ဒုတိယ
ဥက္ကဋ္ဌ၊ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) အရှေ့
တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ
နည်းပညာအကြံပေးအဖွဲ့ဝင်"

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဂျပန်
ဦးနှောက်ရောင်ရောဂါဖြစ်ပွားလေ့ရှိသော အရှေ့
တောင်အာရှနဲ့ အနောက်ပစိဖိတ်ဒေသရှိ နိုင်ငံ
၂၄ နိုင်ငံရဲ့ ရောဂါဖြစ်ပွားနှုန်းမှာ လူဦးရေတစ်
သိန်းမှာ နှစ်ဦးခန့်ဖြစ်ပြီး နှစ်စဉ်ရောဂါဖြစ်ပွားသူ
၆၈၀၀၀ခန့်နဲ့ သေဆုံးသူဦးရေ ၁၃၆၀၀ မှ
၂၀၄၀၀ ခန့်ရှိပါတယ်။

ရောဂါကူးစက်ခံရသူ ၂၅၀မှာ တစ်ဦးခန့်သာ ပြင်း
ထန်တဲ့ရောဂါဖြစ်ပွားလေ့ရှိပြီး ပုံမှန်အားဖြင့်က
လေးတွေမှာ အဖြစ်များတဲ့ရောဂါအဖြစ် သတ်
မှတ်ထားပေမယ့် အသက်အရွယ်မရွေး ဖြစ်ပွား
နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွား
မှု အခြေအနေတွေကိုကြည့်မယ်ဆိုရင် ၂၀၁၂ ခုနှစ်
မှာ ဦးနှောက်ရောင်လက္ခဏာစုရှိတဲ့ သံသယလူ
နာဦးရေမှာ ၁၇၆ ဦးရှိပြီး ဂျပန်ဦးနှောက်ရောင်
ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေမှာ ၁၄ ဦးရှိ
ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဦးနှောက်ရောင်လက္ခဏာရှိတဲ့
သံသယလူနာ ၂၂၆ ဦးနဲ့ ဂျပန်ဦးနှောက်ရောင်
ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၇ ဦး၊ ၂၀၁၄
ခုနှစ်မှာ ဦးနှောက်ယောင်လက္ခဏာရှိတဲ့ သံသ
ယလူနာ ၁၅၂ ဦးနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ
ဓာတ်ခွဲအတည်ပြုလူနာ ၂၄ ဦး၊ ၂၀၁၅ ခုနှစ်မှာ
ဦးနှောက်ရောင်လက္ခဏာရှိတဲ့ သံသယလူနာ
၆၄၅ ဦးနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ဓာတ်ခွဲ
အတည်ပြုလူနာ ၁၅၁ ဦး၊ ၂၀၁၆ ခုနှစ်မှာ ဦး
နှောက်ရောင်လက္ခဏာရှိ သံသယလူနာ ၁၉၁၁
ဦးနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ဓာတ်ခွဲအတည်
ပြုလူနာ ၃၉၃ ဦး၊ ၂၀၁၇ခုနှစ်မှာ ဦးနှောက်ရောင်
လက္ခဏာရှိတဲ့ သံသယလူနာ ၈၃၀နဲ့ ဂျပန်ဦး
နှောက်ရောင်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ
၁၄၆ဦး စသဖြင့် ဖြစ်ပွားမှုများလာတာကိုလည်း
တွေ့ရပါတယ်။

ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးဟာ ၀က်တွေ၊
ရေစပ်ငှက်တွေရဲ့ ခန္ဓာကိုယ်အတွင်း လှည့်ပတ်
ကူးစက်ပြန့်ပွားလေ့ရှိပြီး ယင်းတိရိစ္ဆာန်တွေကို
ကိုက်တဲ့ခြင်ကနေတဆင့် လူနဲ့တိရိစ္ဆာန်တွေကို
ကူးစက်လေ့ရှိတာဖြစ်ပါတယ်။ ဂျပန်ဦးနှောက်
ယောင်ဗိုင်းရပ်စ်ပိုးဟာ လူတစ်ဦးကနေတစ်ဦး
ကို မကူးစက်နိုင်ပါဘူး။

အေးမြတ်မွန်(ယုဇန)-မေးမြန်းသည်

Other news
  • "ဆရာဝန်ပြောကြား ကျန်းမာရေးစကား" ပါမောက္ခဒေါက်တာစောဝင်း "ကလေးအထူးကု ဆရာဝန်ကြီး၊ အမျိုးသားအဆင့်ကာကွယ်ဆေး ဆိုင်ရာ နည်းပညာအကြံပေးကော