Loading...

◾️ ခံစစ်အသေပိတ်ကစားသော အသင်းများကို တိုက်စစ်မှူးလေးဦးဖြင့် တုံ့ပြန်မည်ဟု ဂွါဒီယိုလာဆို

2017-12-05

◾️ ခံစစ်အသေပိတ်ကစားသော အသင်းများကို တိုက်စစ်မှူးလေးဦးဖြင့် တုံ့ပြန်မည်ဟု ဂွါဒီယိုလာဆို

မန်စီးတီးနည်းပြဂွါဒီယိုလာက ၀က်စ်ဟမ်းကို နောက်ကျအနိုင်ဂိုးဖြင့် အနိုင်ရသော ဒီဇင်ဘာ ၃ ရက်ည ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် နောက်နောင် ခံစစ်အသေပိတ်ကစားသောအသင်းများကို တိုက်စစ်မှူး လေးဦးအထိ အသုံးပြုပြီး တုံ့ပြန်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။ မန်စီးတီးအသင်းသည် ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် ဟက်ဒါစဖီးလ်၊ ဆောက်သမ်တန်၊ ၀က်စ်ဟမ်းတို့နှင့်ပွဲများတွင် ခံစစ် အသေပိတ်ကစားသော ပြိုင်ဘက်များကြောင့် ပွဲပြီးရန် ခုနစ်မိနစ်အလို အတွင်းမှ သွင်းယူသည့် အနိုင်ဂိုးများဖြင့်သာ ကပ်နိုင်ခဲ့ရသည်။

ထို့ကြောင့် ဂွါဒီယိုလာက 'ဒီနေ့မှာ ကျွန်တော် မတူညီတဲ့အမြင်ကို ရလိုက် တယ်။ ပုံမှန်အားဖြင့် ကျွန်တော်က တိုက်စစ်မှူးနှစ်ဦးနဲ့တောင်ပံတိုက်စစ်မှူး နှစ်ဦးကိုတွဲပြီး တိုက်စစ်မှူးလေးဦးထား သုံးလေ့မရှိဘူး။ ဒါပေမဲ့ ဆောက်သမ်တန်နဲ့ပွဲမှာရော အခုဝက်စ် ဟမ်းနဲ့ပွဲမှာပါ ဘောလုံးနောက် ကစားသမား ၁၀ဦးအထိ ထားကစားတဲ့အသင်းမျိုးတွေနဲ့ဆိုရင် နောက်ကို ဒီလိုတိုက်စစ်မှူးလေးဦးထားပြီး ကစားသွားမှဖြစ်တော့မယ်လို့ သိလိုက် ရတယ်။ လက်ရှိကစားခဲ့တဲ့ပုံစံမျိုးနဲ့ အမြဲနောက်ကျ အနိုင်ဂိုးတွေသွင်းပြီး နိုင်မယ်လို့ မယုံကြည်နိုင်တော့ဘူး'ဟု ပြောဆိုခဲ့သည်။

Other news
  • ◾️ ခံစစ်အသေပိတ်ကစားသော အသင်းများကို တိုက်စစ်မှူးလေးဦးဖြင့် တုံ့ပြန်မည်ဟု ဂွါဒီယိုလာဆို