Loading...

◾️ မွေးကင်းစကလေးသေပြီဟု မှားပြောမှု အိန္ဒိယဆရာဝန်နှစ်ဦး အလုပ်ထုတ်ခံရ

2017-12-05

◾️ မွေးကင်းစကလေးသေပြီဟု မှားပြောမှု အိန္ဒိယဆရာဝန်နှစ်ဦး အလုပ်ထုတ်ခံရ

နယူးဒေလီ၊ ဒီဇင်ဘာ-၎

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဆေးရုံတစ်ခုတွင် မွေးကင်းစကလေးငယ် တစ်ဦးကို မှားယွင်းစွာ သေဆုံးပြီဟုပြောဆိုသည့် ဆရာဝန်နှစ်ဦးကို ရာထူးမှထုတ်ပစ်လိုက်သည်။

နိုဝင်ဘာ ၃၀ ရက်က အမြွှာပူးကလေးနှစ်ဦးကို မွေးဖွားပြီး နာရီပိုင်း အတွင်းတွင် သေဆုံးသွားပြီဖြစ်ကြောင်း မက်ပုဂ္ဂလိကဆေးရုံမှ ဆရာဝန် များက ပြောဆိုသည်။

ကလေးသေများကိုမြှုပ်ရန် သင်္ချိုင်းသို့သွားသည့်လမ်းတွင် ကလေးတစ်ဦးမှာ အသက်ရှင်လျက်ရှိကြောင်း မိဘများက တွေ့ရသည်ဆို၏။

ယင်းအဖြစ်ကြောင့် ကြားရသူများက ဒေါသထွက်ပြီး ကုန်ကျစရိတ် များပြားသည့် ပုဂ္ဂလိကကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်း၏ အရည်အချင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ဝေဖန်လာကြသည်ဆို၏။

ဆရာဝန်များက ကလေးများကို ထည့်ပေးလိုက်သော ပလတ်စတစ်အိတ် အတွင်း၌ ကလေးတစ်ဦးက လူးလွန့်လာသည်ကို မိဘများကသတိပြုမိပြီး နီးရာဆေးရုံသို့ တင်ပို့ရာ ကလေးမှာ အသက်ရှင်လျက်ရှိသည်ကို တွေ့လိုက်ကြရသည်။ အိန္ဒိယအစိုးရက ယင်းကိစ္စကို စုံစမ်းစစ်ဆေးလျက် ရှိသည်။