Loading...

◾️ ဆီးရီးယားနှင့် ရုရှားဂျက်လေယာဉ်များ ဂူတာအရှေ့ပိုင်း လူနေရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်

2017-12-05

◾️ ဆီးရီးယားနှင့် ရုရှားဂျက်လေယာဉ်များ ဂူတာအရှေ့ပိုင်း လူနေရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်

အမ္မန်၊ ဒီဇင်ဘာ- ၎

ဒမတ်စကတ်မြို့အနီးရှိ သူပုန်များဝိုင်းထားသည့် နယ်မြေရှိ လူစည်ကားရာ၊ လူနေဒေသများကို ဆီးရီးယားနှင့် ရုရှားဂျက်လေယာဉ်များက ဒီဇင်ဘာ ၃ ရက်တွင် တတိယမြောက် သီတင်းပတ် အရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်စဉ် လူ ၂၇ ဦးထက် မနည်းသေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် ပြောဆိုသည်။

ဒမတ်စကတ်မြို့တော်အရှေ့ဘက်ရှိ ဂူတာအရှေ့ပိုင်း လူသူထူထပ်ရာ ကျေးလက်ဒေသရှိ မြို့သုံးလေးမြို့ကို လွန်ခဲ့သည့် ၂၄ နာရီအတွင်း လေကြောင်းမှတိုက်ခိုက်မှု အကြိမ် ၃၀ပြုလုပ်ခဲ့ပြီးနောက် လူများနေထိုင်ရာ အနီးရှိ ဈေးတည်ရှိရာနေရာကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ဟာမိုယီဟာမြို့ရှိ လူ ၁၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ပြ ကာကွယ်ရေးဌာန လုပ်သားများက ပြောသည်။

မစ်ရာဘာနှင့် ဟာရက်စ်တာမြို့များသို့ လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်စဉ် အခြားအရပ်သားလေးဦး အာဘင်မြို့တွင် သေဆုံးခဲ့သည်ဟု မြို့ပြကာကွယ်ရေးလုပ်သားများက ပြောသည်။

လေကြောင်းမှ တိုက်ခိုက်မှုများတွင် အရှိန်အဟုန်မြှင့်တင်ခဲ့သည့် လွန်ခဲ့သောရက် ၂၀မှစတင်၍ နေ့စဉ်သေဆုံးမှု အကြီးမားဆုံးမှာ ဒီဇင်ဘာ ၃ ရက်တွင် အသေအပျောက်အများဆုံးဖြစ်သည်ဟု ဆီးရီးယားပဋိပက္ခကို စောင့်ကြည့်နေသည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောဆိုသည်။