Loading...

◾️ အမေရိကန်နှင့် တောင်ကိုရီးယားတို့ အကြီးမားဆုံးလေကြောင်းစစ်ရေး လေ့ကျင့်မှုစတင်

2017-12-05

◾️ အမေရိကန်နှင့် တောင်ကိုရီးယားတို့ အကြီးမားဆုံးလေကြောင်းစစ်ရေး လေ့ကျင့်မှုစတင်

ဆိုးလ်၊ ဒီဇင်ဘာ-၎

ကမ္ဘာတစ်ဝန်းတွင် တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့သည့် လက်နက်အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ်၊ ခေတ်အမီဆုံးဒုံးပျံကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က အကြီးဆုံးပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၄ ရက်တွင် စတင်လိုက်သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ အမေရိကန် - တောင်ကိုရီးယားနှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ကို ဒီဇင်ဘာ ၈ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး လေယာဉ် ၂၃၀ ကျော်တွင် အက်ဖ်- ၂၂၊ ရက်တာစတိသ်လေယာဉ်ခြောက်စင်း ပါဝင်မည်ဟု သိရ သည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် ရန်စခြင်းသာဖြစ်သည်ဟု မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချလိုက်သည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်
များလည်း ပါဝင်မည်ဖြစ်ပြီး ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်များလည်း အများဆုံးပါဝင်မည်ဖြစ်သည်ဟု တောင်ကိုရီးယားအခြေစိုက် အမေရိကန် လေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မရင်းနှင့်ရေတပ်မှ တပ်ဖွဲ့ဝင်များအပါအ၀င် အမေရိကန်စစ်မှုထမ်း ၁၂၀၀၀ ခန့်သည် တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ပူးတွဲပါဝင်ကြမည် ဖြစ်သည်ဟု သိရသည်။