Loading...

◾️ မွေးရပ်မြေ အာဂျင်တီးနားရှိ မက်ဆီပုံစံတူရုပ်တု ထပ်မံဖျက်ဆီးခံရ

2017-12-06

◾️ မွေးရပ်မြေ အာဂျင်တီးနားရှိ မက်ဆီပုံစံတူရုပ်တု ထပ်မံဖျက်ဆီးခံရ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့လယ်တွင်ထားရှိသော ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီပုံစံတူ ရုပ်တုမှာ ဒီဇင်ဘာ ၄ ရက်၌ ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း အဆိုပါရုပ်တုသည် ခါးလယ်မှ ဖျက်ဆီးခံခဲ့ရကာ ယခုတစ်ကြိမ်မှာ ကျန်ရှိနေသည့် ခြေထောက်များကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဗျူနိုအေးရိစ်မြို့အခြေစိုက် TyC Sport သတင်းဌာန၏အဆိုအရ မက်ဆီ ပုံစံတူရုပ်တုမှာ ဇန်န၀ါရီလ ဖျက်ဆီးမှုမှ ကျန်ရစ် ခဲ့သည့် ခြေထောက် နှစ်ချောင်းကို ထပ်မံဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယခင်တစ်ကြိမ်ဖျက်ဆီးမှုတွင် ရုပ်တုအပေါ်ပိုင်းကို မြေပြင်၌ လှဲလျက် တွေ့ရှိခဲ့ရသော်လည်း ယခု တစ်ကြိမ်မှာ အလုံးစုံပျောက်ဆုံးသွားခဲ့ရသည်။

အဆိုပါရုပ်တုသည် ၂၀၁၆ခုနှစ် ဇွန်လ၌ မက်ဆီအတွက် အာဂျင်တီးနား နိုင်ငံမြို့တော် ဘရူနိုအေးရိစ်မြို့လယ်ကောင်တွင် မက်ဆီပုံစံတူရုပ်တု ထားရှိခဲ့ကာ ထိုရုပ်တုသည် ကြေးဝါဖြင့် ပြုလုပ်ထားသည်။ မက်ဆီသည် ကလပ်အသင်းဖြစ်သည့် ဘာစီလိုနာ အသင်းနှင့် အောင်မြင်မှုများစွာ ရရှိနေသော်လည်း နိုင်ငံအသင်းဖြစ်သည့် အာဂျင်တီးနားအသင်းအတွက် မေဂျာဆုဖလားတစ်လုံးမှ ရယူပေးထားနိုင်ခြင်းမရှိသဖြင့် အာဂျင်တီးနား ပရိသတ်အနည်းငယ်မှာမူ မက်ဆီကို သဘောကျ နှစ်ခြိုက်ခြင်းမရှိပေ။ အဆိုပါမက်ဆီပုံစံတူရုပ်တု ဖျက်ဆီးသူအား အာဂျင်တီးနားရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေဆဲဖြစ်သည်။

Other news