Loading...

◾️ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်

2017-12-06

◾️ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်

ဒီဇင်ဘာ ၅ ရက်တွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို ထုတ်ပြန်ကြေညာခဲ့ရာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းသည် လိဂ်ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယမန်နှစ် အက်ဖ်အေ ဗိုလ်လုပွဲရောက် ချယ်လ်ဆီးအသင်းမှာလည်း လိဂ်ချန်ပီ ယံရှစ်မှ နော်ဝစ်ခ်ျအသင်းနှင့် တွေ့ဆုံနေသည်။

ပရီးမီးယားလိဂ်အသင်းများထဲမှ လီဗာပူးနှင့် အဲဗာတန်၊ ဘရိုက်တန်နှင့် ပဲလေ့စ်၊ မန်စီးတီးနှင့် ဘန်လေတို့မှာ ထိပ်တိုက်တွေ့ဆုံနေပြီး ကျန်အသင်း များဖြစ်သည့် ၀က်ဖို့ဒ်၊ ဘုန်းမောက်၊ စတုတ်စီးတီး၊ ဟက်ဒါစဖီးလ်၊ အာဆင်နယ်၊ မန်ယူ၊ ၀က်စ်ဘရွန်း၊ စပါး၊ လက်စတာ၊ ဆောက်သမ်တန်၊ ချယ်လ်ဆီးတို့မှာ ပွဲချောင်နေသည်။

မာဆေးဆိုက်ဒါဘီပြိုင်ဘက်ဖြစ်သည့် လီဗာပူးနှင့် အဲဗာတန်တို့မှာ အက်ဖ်အေဖလားတွင် ၂၀၁၂ ခုနှစ် ဆီမီးဖိုင်နယ်၌ နောက်ဆုံးတွေ့ဆုံ ခဲ့ကာ ထိုစဉ်က အဲဗာတန်အတွက် ဂျီလာဗစ်က ဦးဆောင်ဂိုးသွင်းယူပြီး လီဗာပူးအတွက် အန်ဒီကာရိုးလ်နှင့် လူးဝစ်ဆွာရက်ဇ်တို့က ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းယူပေးခဲ့သည်။ လာမည့် ဒီဇင်ဘာ ၁၀ ရက် (တနင်္ဂနွေည) တွင် လီဗာပူးသည် အဲဗာတန်နှင့် ပရီးမီးယားလိဂ်၌ မာဆေးဆိုက်ဒ်ဒါဘီ ပွဲစဉ်အဖြစ် ကစား ရမည်ဖြစ်ပြီး နောက်ထပ်တစ်လအကြာတွင် အက်ဖ်အေ ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ နည်းပြမော်ရင်ဟို၏ မန်ယူအသင်းမှာမူ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီ ကောင်တီအသင်းနှင့် တွေ့ဆုံနေပြီး နည်းပြကွန်တီ၏ ချယ်လ်ဆီးအသင်း သည်လည်း လိဂ်ချန်ပီယံရှစ်ကလပ် နော်ဝစ်ခ်ျအသင်းနှင့် တွေ့ဆုံနေသည်။


Other news