Loading...

◾️ သတင်းထောက်များ ဘေးကင်းလုံခြုံရေး မက္ကဆီကိုကြိုးပမ်းနေမှု ကုလသမဂ္ဂပြောကြား

2017-12-06

◾️ သတင်းထောက်များ ဘေးကင်းလုံခြုံရေး မက္ကဆီကိုကြိုးပမ်းနေမှု ကုလသမဂ္ဂပြောကြား

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ-၅

သတင်းထောက်များအတွက် ကမ္ဘာပေါ်တွင် ဘေး အန္တရာယ်အများဆုံး ဖြစ်သည့် မက္ကဆီကိုနိုင်ငံဒေသများသို့ ကုလသမဂ္ဂတာဝန်ရှိသူများက သွားရောက်လေ့လာခဲ့ပြီးနောက် သတင်းထောက်များ ဘေးကင်း လုံခြုံရေးနှင့် ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်သူများကို အရေးယူရန် မက္ကဆီကိုအစိုးရက ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားလိုက်သည်။

ထိရောက်မှုမရှိသည့် စုံစမ်းစစ်ဆေးမှုများနှင့် ခိုင်လုံမှုမရှိသည့် သတင်း အရင်းအမြစ်များကြောင့် သတင်းထောက်များအပေါ် စွပ်စွဲသည့် ရာဇ၀တ် ပြစ်မှုများကို မက္ကဆီကိုပြည်ထောင်စုရှေ့နေများက စွဲချက်မတင်နိုင်သေး ကြောင်း ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒေးဗစ်ကရီနှင့် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်နိုင်ငံခြား ကော်မရှင်မှ အက်ဒီဆင်လန်ဇာက ပြောကြားသည်။

မက္ကဆီကိုစီးတီးနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ပြည်နယ်များ ဖြစ်သည့် ဗီရာခရုဇ်၊ အရီရို၊ တမူလီပတ်စ်၊ ဆီနိုလာတို့သို့ သတင်းတစ်ပတ် ကြာသွားရောက်ခဲ့ပြီးနောက် ဘေးအန္တရာယ်ကင်းရေးပြဿနာ၏ လေးနက်မှုကို ရေးသားထားသည့် ပဏာမအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ဆန်လူးဝစ်ပိုတိုဆီပြည်နယ်တွင် ဓာတ်ပုံသတင်းထောက်တစ်ဦး လွန်ခဲ့သည့် အောက်တိုဘာလက အသတ်ခံရသည်။ ယခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ သတင်းထောက် စုစုပေါင်းမှာ ၁၁ ဦးရှိခဲ့ရာ ၂၀၁၆ ခုနှစ်ကလည်း အလားတူ သတင်းထောက် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။