Loading...

◾️ ဆီယာရာလီယွန် ငြိမ်းချမ်းရေးစိန် ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် လေလံတင်ရောင်းချ

2017-12-06

◾️ ဆီယာရာလီယွန် ငြိမ်းချမ်းရေးစိန် ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် လေလံတင်ရောင်းချ

နယူးယောက်၊ ဒီဇင်ဘာ-၅

ဆီယာရာလီယွန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ရန်ပုံငွေ ရရှိရန် ကမ္ဘာ့အကြီးဆုံး စိန်အရိုင်းတုံး တစ်တုံးကို ဆီယာရာလီယွန်က ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် နယူးယောက်လေလံပွဲတစ်ခု၌ ဒီဇင်ဘာ ၄ ရက်က ရောင်းချလိုက်သည်။

ငြိမ်းချမ်းရေးစိန်အဖြစ် လူသိများသည့် ကြက်ဥအရွယ်အစားရှိ အဆိုပါ စိန်ကို ဗြိတိန်လက်ဝတ်ရတနာ ရောင်းဝယ်သူ လောရန်ဂရက်ဖ်က ၀ယ်ယူခဲ့ကြောင်း လေလံပွဲဥက္ကဋ္ဌ မာတင်ရာပါပို့က ပြောဆိုသည်။

အဆိုပါစိန်ကို လေလံတင်ရောင်းချမှုတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဆီယာ ရာလီယွန်အစိုးရနှင့်ဖြစ်ကြောင်း ရာပါပို့က သတင်းထောက်များကို ပြောဆိုသည်။

အဆိုပါစိန်ကို ဆီယာရာလီယွန်အရှေ့ပိုင်း ကိုနိုဒေသတွင် သြဂုတ်လ အတွင်း တူးဖော်ရရှိခဲ့ပြီး စီမံရောင်းချရန်အတွက် အစိုးရထံ ခရစ်ယာန် အသင်းအုပ်ဆရာတစ်ဦးက ပေးအပ်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၁၃ သန်းဖိုးရှိ စိန်ရောင်းဝယ်ရေးလုပ်ငန်းမှာ မှောင်ခိုလုပ်ငန်းများကြောင့် ထိခိုက်ခဲ့သော်လည်း ဆီယာရာလီယွန်မှ စိန်တင်ပို့ခြင်း ပိတ်ပင်သည့်အမိန့်ကို ၂၀၀၃ ခုနှစ်တွင် ကုလသမဂ္ဂက ရုတ်သိမ်းပေးခဲ့သည်။