Loading...

◾ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ မံမော်ကျေးရွာတွင် ဗုံးအဟောင်း ပေါက်ကွဲရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

2017-12-06

◾ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ မံမော်ကျေးရွာတွင် ဗုံးအဟောင်း ပေါက်ကွဲရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

ဒေါ့ဖုန်းယန်၊ ဒီဇင်ဘာ-၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ မံမော်ကျေးရွာတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၄ နာရီခွဲက နေအိမ်ခြံစည်းရိုးရှိချုံများ ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ထားခဲ့ရာမှ ဗုံးအဟောင်းတစ်လုံးပေါက်ကွဲကာ အိမ်ရှင်အမျိုးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ မံမော်ကျေးရွာနေ ဦးပေါ်ဆေးဟောင်း (၆၃) နှစ်သည် အဆိုပါရွာထိပ်ရှိ ၎င်းပိုင်နေအိမ်ခြံဝင်းအဟောင်း ခြံစည်းရိုးရှိ ချုံနွယ်များအား ရှင်းလင်းကာ မီးရှို့ထားခဲ့ပြီး ၁၅ ပေ ခန့်အကွာ၌ ဝါးခွဲနေစဉ် ဗုံးအဟောင်းပေါက်ကွဲခဲ့ခြင်းကြောင့် ဝဲရင်ဘတ်၊ ဝဲပေါင်နှင့် ခြေသလုံးအထက်တို့တွင် ယမ်းစများထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

သတင်း - သစ္စာ(မိုးညှင်း)