Loading...

◾️ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာ ကလေးသူငယ်များ ငြိမ်းချမ်းရေးဆု ဆီးရီးယားနိုင်ငံမှ အယ်လ်ဂျွန်ဒီရရှိ

2017-12-06

◾️ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာ ကလေးသူငယ်များ ငြိမ်းချမ်းရေးဆု ဆီးရီးယားနိုင်ငံမှ အယ်လ်ဂျွန်ဒီရရှိ

သည်ဟိဂ်၊ ဒီဇင်ဘာ-၅

ဆီးရီးယားဒုက္ခသည်ကလေးငယ်များ၏အခွင့်အရေးကို အာမခံချက်ပေးရန် ၎င်း၏ ကြိုးပမ်းမှုများအတွက် အသက် (၁၆) နှစ်အရွယ် ဆီးရီးယားနိုင်ငံမှ အယ်လ်ဂျွန်ဒီအား ၂၀၁၇ ခုနှစ် နိုင်ငံတကာကလေးသူငယ်များ ငြိမ်းချမ်းရေး ဆုကို သည်ဟိဂ်မြို့တွင် ဒီဇင်ဘာ ၄ ရက်က ချီးမြှင့်လိုက်ကြောင်း သိရသည်။

အယ်လ်ဂျွန်ဒီသည် ၎င်းကိုယ်တိုင် ဆီးရီးယားပြည်တွင်းစစ်ဒုက္ခသည်တစ်ဦးဖြစ်ပြီး လက်ဘနွန်ဒုက္ခသည်စခန်း တစ်ခုတွင် ၎င်း၏မိသားစုနှင့်အတူ စာသင်ကျောင်းတစ်ကျောင်းကို တည်ထောင်ထားရှိကာ လောလောဆယ် တွင် ကလေးငယ် ၂၀၀ကို စာသင်ကြားပေးလျက်ရှိသည်။

စာသင်ကျောင်းဆိုသည်မှာ စာဖတ်ရုံ၊ စာရေးရုံသက်သက် လေ့လာသည့် နေရာမဟုတ်ကြောင်း၊ အဆိုပါနေရာတွင် သူငယ်ချင်း မိတ်ဆွေများ ရရှိခြင်းနှင့် အသိဥာဏ်များရရှိနိုင်သည့် နေရာလည်းဖြစ်ကြောင်း၊ လူသစ်များ၏ အကြောင်း ကိုလည်း လေ့လာခြင်းနှင့် အခြားလူများ၏ အကြောင်းကိုလည်း သင်ကိုယ်တိုင်လေ့လာရမှာဖြစ်ကြောင်း၊ သင်ဘယ်က လာ၍ သင်ဘယ်သူဖြစ်သည်ကို ပြောပြနိုင်သည်မှာ စာသင်ကျောင်းပင် ဖြစ် ကြောင်း၊ သင်ကိုယ်တိုင် သက်တူရွယ်တူများ၊ ဆရာများနှင့် လွတ်လွတ် လပ်လပ် ဆွေးနွေးနိုင်သည့်နေရာလည်းဖြစ်ကြောင်း နိုင်ငံတကာ ကလေးငယ်များ ငြိမ်းချမ်းရေးဆု လက်ခံရယူစဉ် အယ်လ်ဂျွန်ဒီက ပြောကြား ခဲ့သည်။

အယ်လ်ဂျွန်ဒီသည် အဆိုပါနိုင်ငံတကာကလေးငယ်များ ငြိမ်းချမ်းရေးဆုမှာ ကလေးငယ်များအခွင့်အရေးကို လုပ်ဆောင်ပေး ခဲ့သဖြင့် ၂၀၁၄ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့သည့် မာလာလာထံမှ လက်ခံရယူ ခဲ့သည်။ မာလာလာ သည် ကလေးငယ်များ၏ပညာရေးတွင် တက်ကြွစွာ ပါဝင်ခဲ့မှုအတွက် နိုင်ငံတကာ ကလေးသူငယ်များငြိမ်းချမ်းရေးဆုကို ၂၀၁၃ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဆင်ဟွာ