Loading...

◾️ ရှီအန်နှင့် ချန်ဒူးပြေးဆွဲမည့် မြန်နှုန်းမြင့်ရထား ဒီဇင်ဘာ ၆ ရက်တွင် စတင်ပြေးဆွဲမည်ဟု သိရ

2017-12-06

◾️ ရှီအန်နှင့် ချန်ဒူးပြေးဆွဲမည့် မြန်နှုန်းမြင့်ရထား ဒီဇင်ဘာ ၆ ရက်တွင် စတင်ပြေးဆွဲမည်ဟု သိရ

ရှီအန်၊ ဒီဇင်ဘာ-၅

ရှန်ရှီပြည်နယ်၏မြို့တော် ရှီအန်နှင့် စီချွမ်ပြည်နယ်၏မြို့တော် ချန်ဒူးမြို့ တို့ကို ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားမှာ ဒီဇင်ဘာ ၆ ရက်မှစတင်၍ ပြေးဆွဲမှု လုပ်ငန်းများကို စတင်တော့မည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၃ ရက်တွင် ပြောဆိုသည်။

မြန်နှုန်းမြင့်ရထားလက်မှတ်များကို ဒီဇင် ဘာ ၃ ရက် နံနက် ၆ နာရီမှ စတင်ရောင်းချနေပြီဖြစ်ကြောင်း ရှီအန်မြို့ရှိ မီးရထားအာဏာပိုင်များက ပြောဆိုသည်။

ရှီအန်-ချန်ဒူး မြန်နှုန်းမြင့်ရထားလမ်း၏အရှည်မှာ ၆၅၈ ကီလိုမီတာ အကွာအဝေးရှိကြောင်း သိရသည်။

စုစုပေါင်းမြန်နှုန်းမြင့်ရထား ၁၉ စင်းဖြင့် ကနဦးပိုင်းတွင် လားရာတစ်ဘက် ဆီသို့ ကနဦးကာလတွင် ပြေးဆွဲပေးမည်ဟု ဆိုသည်။

မြန်နှုန်းမြင့်ရထားတစ်စင်းကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် ထပ်မံတိုးချဲ့ ပြေးဆွဲပေးမည်ဟု သိရသည်။

ရှီအန်မြို့နှင့် ချန်ဒူးမြို့အကြား ကြာမြင့်ချိန်ကို ယခုလောလောဆယ်တွင် ခုနစ်နာရီခန့် ကြာမြင့်ရာမှ ယခုနှစ်ကုန်ပိုင်းတွင် ၃ နာရီနှင့် ၂၇ မိနစ်ခန့် အထိ လျှော့ချပြေးဆွဲမည်ဟု သိရသည်။