Loading...

◾️ ကယ်လီဖိုးနီးယားတောမီး ဧကလေးသောင်းခွဲကျော် လောင်ကျွမ်း

2017-12-07

◾️ ကယ်လီဖိုးနီးယားတောမီး ဧကလေးသောင်းခွဲကျော် လောင်ကျွမ်း

ဝါရှင်တန်၊ ဒီဇင်ဘာ-၆

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကိုဖြတ်ကျော်၍ လျင်မြန်စွာ ရွေ့လျားလောင်ကျွမ်းလာသည့် တောမီးကြောင့် ဒေသခံ ပြည်သူပေါင်း ၂၇၀၀၀သည် ညတွင်းချင်း ၎င်းတို့၏နေအိမ်များမှ ရုတ်တရက်ရွှေ့ပြောင်းခဲ့ရသည်။

လော့စ်အိန်ဂျလိစ်မြောက်ပိုင်း မိုင် ၇၀အကွာရှိ ဆန်တာပေါ်လာနှင့် ဗင်တူရာမြို့များရှိ နေအိမ်ထောင် ပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်။

တောမီးသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ထိန်းချုပ်၍ မရကြောင်း မီးသတ်သမားများက သတိပေးထားသည်။ မြင့်မားသည့်လေတိုက်နှုန်း ကြောင့် မီးလောင်မှုကို အရှိန်မြင့်စေပြီး နာရီပိုင်းအတွင်း ဧကထောင်ပေါင်းများစွာကို ဖြတ်၍လောင်ကျွမ်းခဲ့သည်။

မီးသတ်သမားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ ၁၅၀ ပျက်စီးခဲ့ကာ လူပေါင်း ၂၆၀၀၀၀ကျော် လျှပ်စစ်ဓာတ်အား မရရှိဘဲ ပြတ်တောက် ကုန်ကြောင်း တာဝန်ရှိသူများကပြောသည်။ လက်ရှိတွင် မီးသတ်သမား ၁၀၀၀ ကျော်ဖြင့် မီးငြှိမ်း သတ်လျက်ရှိပြီး ဧက ၄၅၅၀၀ မီးလောင်ကျွမ်း ခဲ့သည်။