Loading...

◾️ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံတမန်အား ဗင်နီဇွဲလားသမ္မတ မာဒူရိုက ရာထူးမှဖယ်ရှား

2017-12-07

◾️ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံတမန်အား ဗင်နီဇွဲလားသမ္မတ မာဒူရိုက ရာထူးမှဖယ်ရှား

ကရာကာ့စ်၊ ဒီဇင်ဘာ-၆

ဗင်နီဇွဲလားသမ္မတမာဒူရိုက ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံတမန် ရာဖေးရာမီရက်ဇ်အား ရာထူးမှနုတ်ထွက် ခိုင်းလိုက်ခြင်းမှာ ယခင် ခေါင်းဆောင် ဟူဂိုချာဗက်လက်ထက်က စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ရှိခဲ့သည့် ဆိုရှယ်လစ်ပါတီတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသည့် လက္ခဏာဖြစ်သည်ဟု ရာဖေးရာမီရက်ဇ်က ပြောသည်။

လက်ဝဲသမား ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရိုက သမ္မတအဖြစ် ယှဉ်ပြိုင်ရန် နိုင်ငံရေးရည်မှန်းချက်ရှိပုံရသည့် နိုင်ငံရေးပြိုင်ဘက် ရာမီရက်ဇ်အား ရာထူးမှဖြုတ်ပြီးနောက် နယူးယောက်မှဗင်နီဇွဲလားနိုင်ငံသို့ ပြန်လာရန် ဆင့်ခေါ် လိုက်ခြင်းဖြစ်သည်ဆို၏။

ရေနံကဏ္ဍတွင် အဂတိလိုက်စားမှုစွပ်စွဲချက်များကြောင့် ရာထူးမှ ဖယ်ရှားရာတွင် ရာမီရက်ဇ်၏ အရင်းနှီးဆုံးမိတ်ဆွေများနှင့် ဆွေမျိုး သားချင်းများ မကြာသေးမီ သီတင်းပတ်များအတွင်းက ဗင်နီဇွဲလားနိုင်ငံတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ကြောင့် ရာမီရက်ဇ်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လာရန် သတ္တိရှိ၊ မရှိ မေးခွန်များထုတ်စရာ ဖြစ်လာသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ယခုနှစ်နိုင်ငံရေးဆန္ဒပြပွဲများမှ လွတ်မြောက် ကျော်လွှားလာခဲ့ပြီးနောက် မာဒူရိုအနေဖြင့် လုပ်ပိုင်ခွင့် ပိုမိုရရှိလာခဲ့ သည်ဟု ခံစားလျက်ရှိကြောင်း ပြည်တွင်းမှ ပြောဆိုဝေဖန်ကြသည်။

မာဒူရိုသည် ယခုအခါရေနံရောင်းနိုင်ငံများအဖွဲ့၏ စွမ်းအင်လုပ်ငန်း ထိန်းချုပ်ရေးနှင့် ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေးပြိုင်ဘက်များအား ဘေးဖယ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

Other news