Loading...

◾️ အမေရိကန် ဘီ-၁ဘီ ဗုံးကြဲလေယာဉ်များ မြောက်ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်း

2017-12-07

◾️ အမေရိကန် ဘီ-၁ဘီ ဗုံးကြဲလေယာဉ်များ မြောက်ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်း

ဆိုးလ်၊ ဒီဇင်ဘာ-၆

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ယခုသီတင်းပတ် အတွင်း ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် ဘီ-၁ဘီ လင်ဆာဗုံးကြဲလေယာဉ်များသည် ကိုရီးယားကျွန်းဆွယ်ပေါ်သို့ ဒီဇင်ဘာ ၆ ရက်တွင် ပျံသန်းခဲ့ကြသည်ဟု အမည်မဖော်ပြနိုင်သည့် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက် အဆိုအရ သိရသည်။

ကုလသမဂ္ဂနိုင်ငံရေးရာအကြီးအကဲ ဂျက်ဖရီဖဲလ်မန်းသည် မြောက်ကိုရီးယားသို့ ရှားရှားပါးပါးသွားရောက်နေစဉ်မှာပင် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်နေချိန်၌ အမေရိကန်ဗုံးကြဲလေယာဉ်များက ပါဝင်ကြမည်ဖြစ်သည်။
အဆိုပါအမေရိကန်-တောင်ကိုရီးယား ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်အား နျူကလီးယား စစ်ပွဲဖြစ်ပွားမည့်အခြေအနေကို တွန်းပို့ရာရောက်လိမ့်မည်ဟု မြောက်ကိုရီးယားက ဆိုသည်။

ဖဲလ်မန်း၏ မြောက်ကိုရီးယားခရီးစဉ်သည် မြောက် ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးပျံအစီအစဉ်များအပေါ် နိုင်ငံတကာတင်းမာမှုများ မြင့်တက်နေမှုလျော့ကျရန် ကုလသမဂ္ဂက ဦးဆောင်သည့် ကြိုးပမ်းမှုကို ဒေါသထွက်စေလိမ့်မည်ဟု
အကဲခတ်သမားများနှင့် သံတမန်များက မျှော်လင့်နေကြသည်ဟု သိရသည်။