Loading...

◾️ အုပ်စုဗိုလ်မဖြစ်ခဲ့၍ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နှင့်တွေ့နိုင်သော်လည်း ကွန်တီ စိုးရိမ်မှုမရှိ

2017-12-07

◾️ အုပ်စုဗိုလ်မဖြစ်ခဲ့၍ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နှင့်တွေ့နိုင်သော်လည်း ကွန်တီ စိုးရိမ်မှုမရှိ

ဒီဇင်ဘာ ၁၁ ရက်၌ ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် အက်သလက်တီကိုနှင့် တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ခြင်းကြောင့် ရိုးမားအသင်းက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်သွားကာ ချယ်လ်ဆီး သည် အုပ်စုဒုတိယနေရာသာ ရခြင်းကြောင့် ၁၆ သင်းရှုံးထွက်အဆင့်၌ ဘာစီလိုနာ၊ ပီအက်စ်ဂျီ သို့မဟုတ် ဘီဆစ်တပ် တစ်သင်းသင်းနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့မည်ဖြစ်ရာ ချယ်လ်ဆီးနည်းပြ ကွန်တီက ကိစ္စမရှိဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် ချန်ပီယံလိဂ် ၁၆သင်းအဆင့် မဲခွဲပွဲကျင်းပမည်ဖြစ်ရာ ကွန်တီက '၁၆ သင်းအဆင့်ကို တက်လှမ်းသွားပြီဆိုကတည်းက အကောင်းဆုံးအသင်းတွေနဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားရတော့မှာပါ။ မဲခွဲအပြီးမှာ ကျွန်တော်တို့ ဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့။ ဘယ်အသင်းကမှလည်း ချယ်လ်ဆီးနဲ့ ရင်ဆိုင်တွေ့ရလို့ ပျော်မယ်လို့ မထင်ဘူး'ဟု ဖွင့်ဟသွားခဲ့သည်။

ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်ကလည်း 'ချယ်လ်ဆီးဆိုတာ ထိပ်တန်းအသင်းပါ။ ဒါကြောင့် ဘယ်အသင်းနဲ့ ရင်ဆိုင်ရသည်ဖြစ်ပါစေ စိုးရိမ်စရာမလိုဘူး။ အက်သလက်တီကိုနဲ့ပွဲမှာနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် သူတို့ဂိုးသမားက ကောင်းလွန်းခဲ့တယ်'ဟု ပြောကြားခဲ့သည်။